၁၂၈၇ ခုနှစ်တွင် မွန်ဂိုတို့၏ ကျူးကျော်မှုဒဏ်ကို ခံရပြီးနောက် တချိန်က ခမ်းနားထည်ဝါခဲ့သော ပုဂံမြို့တော်ကြီးသည် တဖြည်းဖြည်းနှင့် စွန့်ခံရ၍ ပျက်စီးယိုယွင်းကာ ကျန်ရစ်ခဲ့လေသည်။ ပုဂံနန်းပျက်သုဉ်း၍ အာဏာလေဟာနယ် ဖြစ်သွားသောအခါ အချင်းချင်း အာဏာပြိုင်ဆိုင်ကြသည့် နိုင်ငံရေးအင်အားစုများလည်း ပေါ်ထွက်လာခဲ့၏။ ထိုအင်အားစုအသီးသီးသည် ပုဂံမင်းဆက်၏အမွေအနှစ်နှင့် ဩဇာအာဏာကို မိမိတို့က ဆက်ခံနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် ၁၃ ရာစုနှောင်းပိုင်းမှ ၁၈ ရာစုအလယ်ပိုင်းအထိကာလသည် နေပြည်တော်များ မကြာခဏပြောင်းရွှေ့ခြင်း၊ လူမျိုးစုများ ရောယှက်ကာ ဒေသဆိုင်ရာလက္ခဏာသစ်များ ပေါ်ထွန်းလာခြင်း၊ တိုင်းပြည်ကို ပြန်လည်စည်းလုံးညီညွတ်စေရန် အကြိမ်ကြိမ်ကြိုးပမ်းခြင်း စသည့် နိုင်ငံရေးအတက်အကျများဖြင့် ပြည့်နှက်နေသော ကာလတခု ဖြစ်ခဲ့သည်။
ပုဂံပြိုလဲပြီးနောက် ယနေ့မြန်မာနိုင်ငံတည်ရှိရာ ဒေသတဝိုက်တွင် အဓိကအာဏာစက်ကွင်းကြီး လေးခု ကွဲပြားသွားခဲ့သည်။ အထက်မြန်မာပြည် ခြောက်သွေ့ရပ်ဝန်း၊ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသ၊ ရှမ်းကုန်းပြင်မြင့်နှင့် ရခိုင်ကမ်းရိုးတန်းတို့ပင် ဖြစ်သည်။ ဒေသတခုစီတွင် မင်းငယ်များနှင့် ဒေသခံအကြီးအကဲတို့သည် အပြိုင်အဆိုင် မင်းလုပ်အုပ်ချုပ်ခဲ့ကြ၏။ အခြေအနေအရ အကျိုးတူညီမျှသူများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ မိမိတို့ထက် အင်အားကြီးသော အိမ်နီးချင်းများထံ လက်ဆောင်ပဏ္ဏာများ ဆက်သခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထိုမဟာမိတ်ဖွဲ့မှုများသည် ထာဝရမမြဲဘဲ အခြေအနေအရ အစဉ်ပြောင်းလဲနေခဲ့ပြီး အာဏာသက်ရောက်မှု နယ်နိမိတ်များမှာလည်း မကြာခဏ ထပ်နေတတ်သည်။ ဤပြိုင်ဆိုင်မှုများသည် နန်းတွင်းအာဏာလုပွဲများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် မိမိတို့သာ တရားဝင်အုပ်စိုးသူဖြစ်ကြောင်းပြသသည့် ဘာသာရေးနှင့် ထုံးတမ်းဆိုင်ရာ အခမ်းအနားများအပေါ် အခြေပြု၍ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပေသည်။
၁၃၆၄ ခုနှစ်တွင် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ်တို့ ဆုံဆည်းရာ မြေသြဇာကောင်းသော ဒေသ၌ အင်းဝနေပြည်တော် ပေါ်လာခဲ့သည်။ မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုတိုက်စားသဖြင့် သုံးကြိမ်တိုင် မြို့ပျက်ခဲ့ရာ ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ ဘုရင်သတိုးမင်းဖျား[1] လက်ထက်တွင်မူ ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့ပြီးမှ မြို့တည်ခဲ့ရသည်။ အင်းများရှိရာအရပ် ဖြစ်သည်ကြောင့်လည်းကောင်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့် လည်းကောင်း “အင်းဝ” ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အင်းကိုးအင်းကို ယတြာချေမြေဖို့ရ၍ အင်းနဝ ဟု ဆိုသည်ဟုလည်း ပြောသူရှိသည်။ မူလနေပြည်တော်အမည်မှာ ရတနာပူရ ဖြစ်သည်။
အင်းဝသည် အထက်မြန်မာပြည်အပေါ် အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန် ကျောက်ဆည်၏ စိုက်ပျိုးမြေများကို အားကိုးခဲ့သည်။ အင်းဝသည် ဗမာ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်း၏ ဗဟိုချက်ဖြစ်ခဲ့သည်။ စာပေ၊ ကဗျာနှင့် ရာဇဝင်ကျမ်းများသည် ဗမာဘာသာစကားဖြင့် ထွန်းကားခဲ့ပြီး ရှေးရာစုနှစ်များစွာက ပါဠိဘာသာကြီးစိုးသော ဘာသာရေးကျမ်းများမှ ကွဲပြားသော စာပေအစဉ်အလာကို ဖြစ်စေခဲ့သည်။ ဗိသုကာအတတ်ပညာနှင့် ပန်းပုတို့သည် ကနဦးတွင် ပုဂံခေတ်ကဲ့သို့ ဆက်ရှိသော်လည်း တဖြည်းဖြည်း အိန္ဒိယဟန်လွှမ်းမိုးမှုများကို ဒေသအနုပညာပုံစံများဖြင့် အစားထိုးလာခဲ့သည်။
စစ်ပွဲများ မကြာခဏဆိုသလို ရှိခဲ့ပြီး အနုပညာနှင့် စစ်သူရဲများစွာ ပေါ်ထွန်းလာခဲ့သည်။ ပထမ အင်းဝမင်းဆက်သည် ရာမညမှ မဂဒူးမင်းဆက်နှင့် စစ်ဖြစ်သည်။ နောင်တွင် ဘုရင်မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ် လက်ထက်တွင် နှစ်လေးဆယ် စစ်ပွဲဟု လူသိများသော စစ်အင်အား ပြိုင်ဆိုင်မှုကြီး ပေါ်လာသည်။ ယင်းစစ်ပွဲသည် တကယ်တမ်းတွင် နှစ်လေးဆယ်မကပဲ မျိုးဆက်များစွာ ပြိုင်ဆိုင်မှုများ ဖြစ်၏။[2] ပင်လယ်ထွက်ပေါက်ကို လွှမ်းမိုးလိုမှုများလည်းပါသည်။
၁၅ ရာစုနှောင်းပိုင်းတွင် ထီးနန်းပြိုင် ဟံသာဝတီပဲခူးသည် ရွှေခေတ်ကို ရောက်ရှိခဲ့ပြီး ကုန်သွယ်မှု၊ ဗုဒ္ဓဘာသာပညာရပ်နှင့် ရေကြောင်းသံတမန်ဆက်ဆံရေး၏ ဗဟိုချက်ဖြစ်လာခဲ့သည်။ မြောက်ဘက်နှင့် အရှေ့ဘက်တွင် လူအင်အားနှင့် ကုန်းမြင့်ဒေသ စည်းစိမ်ဥစ္စာများကို ရရှိခြင်းဖြင့် အားကောင်းလာသော သျှမ်းပြည်ထောင်များမှလည်း မကြာခဏ ဝင်ရောက်စီးနင်းခဲ့ပြီး အင်းဝဘုရင် ရွှေနန်းကျော့ရှင် နရပတိလည်း သိုဟန်ဘွားလက်ချက်ဖြင့် သေခဲ့လေ၏။[3] ဆယ်စုနှစ်သုံးခုနီးပါး အင်းဝသည် သျှမ်းတို့၏ အုပ်စိုးမှုအောက်တွင် ရုပ်သေးမြို့တော်တခုဖြစ်ခဲ့၏။[4] ထိုကာလတွင် အရှေ့တောင်ပိုင်းအတွင်းပိုင်း၌ တည်ရှိသော တောင်ငူပြည် တခုသာ ဗမာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
အမှန်စင်စစ် အင်းဝ၏အမည်သည် အလွန်ထင်ရှားသဖြင့် ဥရောပတိုက်သားများက မြန်မာနန်း၊ မြန်မာ ဒေသတခုလုံးနှင့် အဓိပ္ပာယ်တူ စကားလုံး အဖြစ် အသုံးပြုခဲ့ကြသည်။[5] "အင်းဝနန်းတော်" ၏ မြို့တော်သည် အခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့သည့်တိုင် နိုင်ငံ၏ သံတမန်ဆက်ဆံရေးအတွက် အတိုကောက်ညွှန်းရန် ဆက်သုံးနေခဲ့၏။ အင်းဝသည် ဒဏ္ဍာရီနှင့် ခေတ်မီမှုတို့ကို ပေါင်းကူးပေးသည့် မြို့နာမည်တခု ဖြစ်ခဲ့သည်။
---------
[1] သတိုးမင်းဖျားသည် သျှမ်း-ဗမာ ကပြားဖြစ်၍ တကောင်းမင်းဆက် သတိုးဆင်ထိန်းနှင့် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွန်း၏ သမီးတော်ဖြစ်၍ ပင်းယ တစီးရှင်သီဟသူ၏ မြေးတော်လည်းဖြစ်သူ စိုးမင်းတို့၏ သားတော်ဖြစ်သည်။ သတိုးမျိုးရိုးမှ ဆင်းသက်လာ၍ သတိုးမင်းဖျားဟု တွင်သည်ဟု ဆို၏။
[2] ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကဲ့သို့သော ကျမ်းများကြောင့် ရာဇဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ ဖက်ပြိုင်တိုက်ခိုက်မှုကို လူသိများသော်လည်း တကယ်မှာ မျိုးဆက်များစွာ တိုက်ခိုက်ကြသည့်အနေအထားသာဖြစ်သည်။
[3] သက္ကရာဇ် ၈၈၈-ခုနှစ် (ခရစ်နှစ် ၁၅၂၇) တွင် မိုးညှင်းစလုံနှင့် သားဖြစ်သူ သိုဟန်ဘွားတို့သည် စစ်အင်အား အလုံးအရင်းဖြင့် အင်းဝသို့ ချီတက်လာခဲ့သည်။ ပုခန်းကြီးအရပ်၌ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ရာ အင်းဝအိမ်ရှေ့မင်း ကျဆုံးခဲ့ရသည်။ မိုးညှင်းတပ်များက အင်းဝမြို့ကို ရှစ်ရက်တိုင်တိုင် ဝိုင်းရံပြီးနောက် ဆင်မြင်းအင်အား အလုံးအရင်းဖြင့် မြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ရွှေနန်းကျော့ရှင်သည် 'ရွှေစာတိုက်' အမည်ရှိ ဆင်ကို စီး၍ ထွက်တော်မူစဉ် မိုးညှင်းစလုံ၏သား သိုဟန်ဘွားက ဆင်ဖြင့်ခံ၍ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်း၌ အမြောက်ဆံသင့်ကာ နတ်ရွာစံခဲ့ရသည်။
[4] ၁၅၃၃ ခုနှစ်တွင် မိုးညှင်းစဝ်လုံနှင့် သား သိုဟန်ဘွားတို့သည် အစောပိုင်း အင်းဝကို တိုက်ခိုက်စဉ်က လုံလောက်စွာ ကူညီမှုမပေးခဲ့ဟုဆိုကာ ယခင် မဟာမိတ်ဖြစ်ခဲ့သည့် ပြည်ကို တိုက်ခိုက် အောင်မြင်ပြီး ပြည်ဘုရင်ကို ဖမ်းဆီးခဲ့သည်။ မိုးညှင်းသို့အပြန် လမ်းခရီး၌ စဝ်လုံသည် မှူးမတ်တို့၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ စဝ်လုံ ကွယ်လွန်ခြင်းကြောင့် သျှမ်းကွန်ဖက်ဒရိတ်၌ ခေါင်းဆောင်မှု လပ်သွားပြီး အခြား စဝ်ဖများက သားကြီး သိုဟန်ဘွားကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့။ ထိုသို့ စုစည်းမှု အားနည်းနေချိန်ဖြစ်သည့် ၁၅၃၀ ပြည့်နှစ်များ၏ ဒုတိယပိုင်းတွင် တောင်ငူမှ တပင်ရွှေထီးသည် တောင်ပိုင်း ဟံသာဝတီ ပဲခူးနိုင်ငံကို တိုက်ခိုက်နေသော်လည်း သျှမ်းကွန်ဖက်ဒရိတ်သည် စုစည်းညီညွတ်သည့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်း မတွေ့ပေ။ တောင်ငူသည် ပဲခူးနှင့် စစ်ပွဲကြီး ဆင်နွှဲနေစဉ် မြောက်ပိုင်းနယ်စပ်ကို အစောင့်အရှောက် နည်းပါးစွာ ချထားနိုင်သော်လည်း တောင်ငူ၏ ပဲခူးကို သိမ်းပိုက်မှု အောင်မြင်သည့် ၁၅၃၉ ခုနှစ် ရောက်မှသာ သိုဟန်ဘွားနှင့် မဟာမိတ်များ သတိပြုမိခဲ့ကြသည်ဟု ဟာဗေးက ဆိုသည်။ နောက်ဆုံးတွင် ၁၅၄၂ ခုနှစ်၌ သိုဟန်ဘွားသည် မဟာမိတ် (မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမိတ်၊ သီပေါ၊ ညောင်ရွှေ) တို့ကို စုစည်း၍ တောင်ငူ၏ တိုက်ခိုက်မှုမှ ပြည်မြို့ကို ကာကွယ်ရန် ချီတက်ခဲ့သော်လည်း ပြည်မြို့ပြင်ဘက်၌ တောင်ငူစစ်သူကြီး ဘုရင့်နောင်၏ အနိုင်ယူခြင်းကို ပြတ်ပြတ်သားသား ခံခဲ့ရပြီး မြို့ကို စွန့်ခွာကာ ဆုတ်ခွာခဲ့ရသည်။
[5] အစိုးရအုပ်ချုပ်ရေးများကို ညွှန်းဆိုလျှင် ရုံးစိုက်ရာမြို့ (အင်းဝ၊ လန်ဒန်၊ ပီကင်း စသည်) များကို ညွှန်း၍ခေါ်လေ့ရှိသည်။

Comments
Post a Comment