ဗမာလူမျိုးကြီးဝါဒီမှန်း အလွန်သိသာနေသူများပင် ဗမာလူမျိုးကြီးဝါဒ မရှိပါဘူးဟု ငြင်းချက်များ ထုတ်တတ်ကြသည်။ ထိုသို့ငြင်းချက်ထုတ်ရာတွင် စိတ်က တကယ်မသိလို့ဖြစ်နိုင်သလို၊ သိပါလျက် ကိုယ်ကျိုး အတွက်လည်း ဖြစ်နိုင်သည်။ (မြန်မာနှင့် ဗမာသည် ခေတ်အဆက်ဆက် တခုနှင့်တခု ပြောင်းသုံးခဲ့ကြပုံကို ထောက်၍ အတူတူပင်ဖြစ်သည်၊ ခေတ်အရ ဘာပိုသုံးလဲသာ ကွာသည်ဟု အရှေ့တွင် ဆွေးနွေးခဲ့ပြီးသား ဖြစ်ပါသည်။ [1] ) အရင်ဆုံး “ဗမာ” “လူမျိုးကြီး” “ဝါဒ” ဟူသည့် စကားလုံးများက ဘာကိုဆိုလိုသလဲ အရင်နားလည်မှုတူညီစွာ အထိုင်ကျမှသာ ရှိလား၊ မရှိလားပုစ္ဆာကို ရှင်းနိုင်မည် ဖြစ်သည်။ “ဗမာ” ဟူသည်အဘယ်နည်း "ဗမာ" ဟူသော ဝေါဟာရသည် အဓိပ္ပာယ်များစွာဖြင့် စီးဆင်းလာခဲ့သည်။ ရှင်းလင်းလွယ်ကူသည်ဟု ထင်ရသော်လည်း အလွှာများစွာရှိခြင်း၊ မတည်ငြိမ်ခြင်းနှင့် အငြင်းပွားဖွယ်ရာများ ဖြစ်နေခြင်းကို တွေ့ရသည်။ ဤစကားလုံးသည် တိုင်းရင်းသားအမှတ်အသား သို့မဟုတ် ဥပဒေအမျိုးအစားတခုတည်းကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ ဘာသာစကား၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလံတခုတည်းလည်း မဟုတ်ပေ။ ယင်းစကားလုံး ကိုယ်တိုင်သည် လက္ခဏာတခု၊ မှတ်ဉာဏ်တခု၊ တောင်းဆိုမှုတခု၊ တခါတရံတွင် ဝန်ထုပ်ဝန်ပိုးတခုလည်း ဖ...
ကျွန်ုပ်တို့အနေဖြင့် သုတေသနပြုခြင်းမှ ရရှိလာသည့် ထိုးထွင်းသိမြင်မှုများနှင့် ဇာတ်အိမ်တည်ဆောက်မှုများ၏ စွမ်းအားကိုယူငင်ကာ နိုင်ငံရေးဝေါဟာရအသုံးများကို ရှုပ်ထွေးမှုများ လျော့ပါးစေခြင်း၊ အာဏာတည်ဆောက်မှုများကို သတိအသိဖြင့် ဝေဖန်နိုင်စေခြင်း၊ အသေးစိတ်ဆွေးနွေးချက်များကို အနှစ်သာရအားကောင်းစေရန် အကူအညီပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် အပြောင်းအလဲကောင်းများ ဖြစ်စေရန် ကြိုးပမ်းနေပါသည်။